စကရင်ရှော့ ရိုက်မယ် SAMSUNG ဖုန်းကိုင်သော သူငယ်ချင်းများအတွက်ပါ။
ဖုန်းမှာ ပါပြီးသားလေးပါ။မသိသေးသော သူငယ်ချင်းများ အတွက် ရည်ရွှယ်ပါတယ်။
1 - Accessibility (လက်ဝါးပုံလေး ပါတဲ့ဟာ)ကိုနှိပ်ပါ
2 - Dexterity ပါတဲ့ဟာ ကိုနှိပ်ပါ
3 - Assistant ပါတာ ကိုနှိပ်ပါ
4 - On ထားလိုက်ဗျာ အာ့ဆိုရပီပေါ့ ok
တစ်ချို့ဖုန်းတွေမှာ နံပါတ် (2) မပါဘူး နံပါတ် (3) တန်းရောက်ပါတယ်။
သိပြီးသော ဆရာများက ကျော်သွားလိုက်ပါခင်ဗျာ ။
ဖုန်းခလုတ်တွေ သက်သာတာပေါ့နော် -------
Credit -မျှဝေသူ
တာဝသားလေး မောင်မျိုးမင်း
Sunday, November 1, 2015
Screen shot for SAMSOUNG
Friday, October 16, 2015
Facebook passward အသစ်ပြောင်းနည်း။
Facebook Passwords အသစ်ပြောင်းနည်း……
ဒီတခါတော့ မိမိFacebook Account passwords
ကို မကြိုက်လို့ အသစ်ပြောင်းချင်သူများ အတွက်
ပြု့လုပ်နည်းလေးကိုတင်ပေးလိုက်ပါတယ်။
အဆင်ပြေပါစေ…
Thursday, October 15, 2015
Page အကြောင်း
တောင်းထားသူရှိလို့တင်ပေးလိုက်ပြီpage ဖွင့်နည်း fri addနည်း pageဖျက်နည်း အရမ်းလွယ်ကူပါတယ်
မင်္ဂလာပါ ဒီpageလေးကိုအားပေးတဲ့friများကျေးကျေးပါ သိလို့တက်လို့မဟုတ်ပါဘူး ဝါသနာရယ် စေတနာရယ် ပါလို့တင်ပေးတာပါ
် Power Bank တစ်လုံးကို ရွေးချယ် ဝယ်ယူမယ့်သူတွေ သိးသင့်သော အချက်(၇)ချက်……… ယနေ့ခေတ်ဋ္ဌ် (PHONE)ဖုန်းသုံးစွဲသူတွေ အတော်လေး များပြားလာပါပြီ ဖုန်းတစ်လုံး၏ သုံးစွဲနိုင်သည့် သက်တမ်းမှာ ဖုန်းအရည်အသွေးနှင့် ထုတ်လုပ်သူပေါ်လိုက်၍ ကွာခြားလေ့ ရှိပါသည်။ ဖုန်းသုံးစွဲသူ အများစုမှာ ခရီးသွားလျှင် ဖုန်းအားထပ်မံ ဖြည့်သွင်းနိုင်ရန်အတွက် အလုပ်ရှုပ်မခံ လိုကြသောကြောင့် အလွယ်တကူ အားဖြည့်သွင်းနိုင်သော Power Bank များကိုသုံးစွဲ လာကြသည်။ Power Bank များ၏ လျှပ်စစ်အား သိုလှောင်မှုနှင့် ရေရှည်သုံးစွဲနိုင်မှုမှာ အမှတ်တံဆိပ်ပေါ် မူတည်၍ ကွာခြားသည်။ Power Bank ဝယ်ယူလိုသူများ အနေဖြင့် မိမိစိတ်ကြိုက် ရွေးချယ်ဝယ်ယူ နိုင်ရန်နှင့် သုံးစွဲစဉ် သိထားသင့်သော အချက်များကို စုပေါင်း၍ဖော်ပြ ပေးလိုက်ပါသည်။ (၁) Brand ရှိသော တံဆိပ်နှင့် Protection Function ပါသော Power Bank ကို ရွေးချယ်ပါ။ အရည်အသွေး ကောင်းသော Power Bank တစ်ခုမှာ Loud, Self-checking, Over Load, Protection, Short Circuit Protection, insulation Protection Function များပါဝင်ပါသည်။ (၂) Conversion rate ကို သတိပြုပြီး မိမိဖုန်း Device နှင့် သင့်တော်သော Power Bank ကိုရွေးချယ် ဝယ်ယူပါ။ (၃) ဈေးနှုန်းနှိမ့်ပြီး mAh များသော Power Bank များမှာ အလွယ်တကူ Voltage instability ဖြစ်စေပြီး ပေါက်ကွဲမှုလည်း ဖြစ်စေပါသည်။ Mobile Phone Device ၏ Power အမျိုးအစားနှင့်အညီ Mobile Power စွမ်းရည်ကို ရွေးချယ်ပါ။ အရည်အသွေး ကောင်းသော 10000 mAh အပြည့်ပါသည့် Power Bank မှာပုံမှန် Smart Phone များကို ၄ ကြိမ်မှ ၅ ကြိမ်ထိ အားသွင်းနိုင်ပါသည်။ ကောင်းသော Power Bank ၏ Conversion rate မှာ ၈၅ ရာခိုင်နှုန်း ပေါ်မှာရှိပြီး အနိမ့် (သို့မဟုတ်) ညံ့သော Power Bank ၏Conversion rate မှာ ၇၀ ရာခိုင်နှုန်း အောက်မှာသာ ရှိသည်။ (၄) Power Bank ကို ကြာရှည် အသုံးမပြုပါက အနည်းဆုံး တစ်လတစ်ကြိမ် အားသွင်းပေးပါ။ (၅) အစိုဓာတ် ကင်းမဲ့သော နေရာတွင် အသုံးပြုပါက Power Bank အတွက် ပိုကောင်းပါသည်။ Over Cold new, Over Head နှင့် ဓာတုပစ္စည်းရှိသော နေရာတွင် အသုံးမပြုသင့်ပါ။ (၆) Voltage, Current နှင့် Controller နှစ်ခုမှာ မူတည်ပြီး အားသွင်းတဲ့စနစ် ပြောင်းလဲနိုင်ပါသည်။ (၇) Power Bank ၌ရှိသည့်အားကို ကုန်အောင် သုံးစွဲ၍ ရပါသည်။ သိုသော် သိထားသင့်သည်မှာ ပါဝါသုံးစွဲမှု မြင့်မားသော အမြင့်ပိုင်း Deviceများကို အသုံးပြုလျင် ဖုန်းဘက်ထရီ သက်တမ်းတိုသွား နိုင်ပါသည်။ အဆင်ပြေပါစေသား…… Credit: internetjournal
Subscribe to:
Posts (Atom)